Friday, 23 August 2013

အူလည်လည် သိုးတွေနဲ့ဆော့မယ်..လှော်မယ်..

Standard
ကဲ...ဒီနေ့တော့ ပျော်ဖို့ကောင်းတဲ့ ဂိမ်းပေးပ့ါမယ်။သူက တစ်ကယ့်ကို အူလည်လည် သိုးတွေနဲ့ ဆော့ရတာပါ။ဒီကောင်တွေကို ကြိုက်တဲ့နေရာ တောက်ထုတ်လို့ရတယ်။သိပ်ကြည့်မရတဲ့ကောင်ကို မိုးကြိုးနဲ့လည်း လှော်လို့ရသေးတယ်။အမြှီးကို ဆွဲပြီးလွှင့်ပစ်လို့ရတယ်။အစုံပါဘဲဗျာ။ဒီကောင်တွေက ရုပ်တွေကလည်းပြောင်မှပြောင်။ပေါ့ပေါ့ပါးပါးနဲ့ တော်တော်အပျင်းပြေတဲ့ ဂိမ်းပါဗျာ။ဒီငတိတွေကို အအေးလဲတိုက်လို့ ရတယ်ဗျာ.ဘောလုံးတောင်ကန်ခိုင်းလို့ရသေး..။ကျွန်တော်ကတော့ ဒီကောင်တွေကို ညှင်းဆဲရင်း ပျော်နေတယ်ဗျ...ငိငိ...။

ဂိမ်းကို ဒီကိုနှိပ် ပြီးဒေါင်းလိုက်ပါဗျာ။နောက်ဆုံး version ကိုတင်ပေးထားပါတယ်...အဆင်ပြေရင် Comment လေးတွေပေးခဲ့ကြပါအုံး....




1 comment: