Friday 30 August 2013

ZIP ဖိုင်တွေဖြည်တဲ့ Winrar ဆော့ဖ်ဝဲလ် (version 4.2)

Standard
ZIP file တွေဖြည်ရာမှာ သုံးတဲ့ အကောင်းဆုံးဆော့ဖ်ဝဲလ် Winrar version 4.2 ပါ..version 5 က Beta ဘဲ ရှိသေးလို့ Full version ရမှ တင်ပေးပါမယ်..
နှစ်ခုဒေါင်းရမှာပါ..တစ်ခုက Exe ဖိုင်ပါ ၊ တစ်ခုက activation key ပါ

winrar setup ကို Run ပြီးရင် keygen ကိုဖွင့်ပါ။ keygen window ပေါ်လာရင် name မှာ နာမည်ထည့်ပေးလိုက်ရင် Full version ဖြစ်သွားပါပြီ...

Winrar ဆော့ဖ်ဝဲလ်ဒေါင်းရန် - http://db.tt/pjQIvxwu
KeyGen ဒေါင်းရန်              - http://db.tt/1SaI8oGD
တစ်ခြားဆော့ဖ်ဝဲလ်များဒေါင်းချင်ပါက အသုံးဝင်ဆော့ဖ်ဝဲလ် နှိပ်ပြီးသွားလိုက်ပါ...

Maxthon သုံးသူတွေအတွက် နောက်ဆုံး version

Standard
Maxthon သုံးနေတဲ့သူတွေအတွက် နောက်ဆုံး Version ရပါပြီ။နောက်ဆုံး Version မှာတော်တော်မိုက်လာတယ်ဗျ..Theme တွေက Iron man Theme တို့ဘာတို့ပါလာတယ်..မြန်တာကလည်း အရင်ကထက် ၂ဆ လောက် မြန်လာတယ်ဗျ...တစ်ကယ့် ဖလန်းဖလန်း....
ဒီကိုနှိပ် ပြီးဒေါင်းလိုက်....

ရေအောက်ကမ္ဘာထဲ နေချင်သူတွေအတွက် Ocean HD Live Wallpaper

Standard
ရေအောက်ကမ္ဘာထဲကို ဖုန်းထဲမှာထာပြီးကြည့်ချင်သူတွေအတွက် Ocean HD Live Wallpaper Latest Version ပါ။ဘယ်လိုရှုခင်းတွေလဲဆိုတာတော့ အောက်ကပုံတွေကိုသာကြည့်လိုက်ပါတော့။
စိတ်ဝင်စားရင် ဒီကိုနှိပ် ပြီးဒေါင်းလိုက်ပါ။



Lock Screen အလန်းများ(Sparky Lock Screen)

Standard
Android မှာ Lock Screen လန်းလန်းတွေသုံးချင်သူတွေအတွက် Sparky Lock Screen Latest Version ပါ။အောက်ကပုံတွေမှာ Design တွေပြထားပါတယ်။
လိုချင်ရင် ဒီကိုနှိပ် ပြီးဒေါင်းလိုက်ပါ။
တစ်ခြားအသုံးဝင် Apk များဒေါင်းချင်ပါက Apkများဒေါင်းရန် ကိုနှိပ်ပြီး သွားနိုင်ပါတယ်။






Wednesday 28 August 2013

Website တွေ Blog တွေက ဗီဒီယိုတွေကို IDM(Internet Download Manager) သုံးပြီး ဒေါင်းလုပ်ဆွဲနည်း

Standard

ဒီတစ်ခါတော့ Website တွေ Blog တွေကနေ  IDM(Internet Download Manager) နဲ့ ဗီဒီယိုတွေကူးယူနည်းကို ပေးချင်ပါတယ်။(ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်။ IDM က Youtube ကနေ တိုက်ရိုက်ဒေါင်းလို့ မရပါဘူး။ဒေါင်းလို့ရခဲ့ရင် လည်း အသံဖိုင် မပါတာ ၊ ရုပ် မပါတာ တွေဖြစ်တက်ပါတယ်။ Youtube ကနေ ဆော့ဖ်ဝဲလ်မသုံးဘဲ ဘာ error မှမရှိဘဲ ဒေါင်းချင်တယ်ဆိုရင်တော့ Youtube ကနေ ဆော့ဖ်ဝဲလ်မလိုဘဲဒေါင်းနည်း ကိုသွားကြည့်နိုင်ပါတယ်။)

IDM (Internet Download Manager) ဆောဖ့်ဝဲလ်ကို ဒီကိုနှိပ် ပြီးဒေါင်းလိုက်ပါ။ရလာတဲ့ File ကို WinRar သုံးပြီး ဖြည်လိုက်ပါ။
Install လုပ်နည်းအဆင့်ဆင့်ကို ဒေါင်းမယ့် Folder ထဲမှာ တစ်ခါတည်းထည့်ပေးထားပါတယ်။
Install လုပ်ပြီးရင် အောက်ပါအဆင့်ဆင့်ကို ပြုလုပ်ပါ။

Browser ကို Mozilla သုံးမယ်ဆိုရင် အောက်ပါအတိုင်းပြုလုပ်ပါ။ Firefox ရဲ့ Menu ကိုသွားပြီး Add-ons  ဆိုတာကိုနှိပ်ပါ။

အဲ့ဒီမှာ Extension က IDM CC ဆိုတာကို Enable လုပ်ပေးလိုက်ပါ။


ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Blog ၊ Website က ဗီဒီယို တွေကို play လိုက်ပါ။အောက်နားမှာ “ Download video from this page” ဆိုပြီးပေါ်လာတာတွေ့ရပါမယ်။အဲဒါကိုနှိပ်ပြီး ဒေါင်းပါ။(ဗီဒီယိုကို Play လုပ်မှသာ ဒီ “ Download video from this page” ပေါ်လာမှာပါ။)

နောက်ထပ်ဆော့ဖ်ဝဲလ်များComputerဗဟုသုတများထပ်ကြည့်ချင်သေးပါကyannaingooblog.blogspot.com
MTV သီချင်းများ funny ဗီဒီယိုများ ကြည့်ချင်ပါက yannaingclip.blogspot.com

Monday 26 August 2013

Youtube ကနေ ဘာဆော့ဖ်ဝဲလ်မှ မလိုဘဲ ဒေါင်းလုပ်ဆွဲကြမယ်

Standard
Youtube ကနေ သီချင်းတွေ ရုပ်ရှင်တွေ ဒေါင်းလုပ်ဆွဲရင်  အဆင်မပြေတတ်တာများပါတယ်။ဆော့ဖ်ဝဲလ်တစ်ခုခု သုံးပြီးမှကို ဆွဲဖို့အဆင်ပြေပါတယ်။ဒီတော့ ဆော့ဖ်ဝဲလ်မလိုဘဲ browser ထဲမှာဘဲ ဒေါင်းနည်းကို ပြောပြချင်ပါတယ်။ဆော့ဖ်ဝဲလ် မလိုတဲ့ အပြင် Browser ထဲမှာတင်တစ်ခါတည်းကြိုက်တဲ့ Format ကိုပါပြောင်းနိုင်ပါသေးတယ်။Resoulution ကြိုက်တာကိုလည်းဒေါင်းနိုင်ပါသေးတယ်။(Author - ရန်နိုင်ဦး)

အရင်ဆုံး Youtube ကဒေါင်းချင်တဲ့ သီချင်းကို သွားပါ။Address bar ကို Copy လုပ်ပါ။


ပြီးရင် http://www.clipconverter.cc/ ကိုသွားပါ။။အဲ့ဒီမှာ Media URL to download မှာ youtube က Copy ကူးထားတဲ့ address ကိုထည့်ပါ။အောက်က Conversion Format မှာ ကိုယ်လိုချင်တဲ့ Format ကိုပြောင်းလိုက်ပါ။(ဥပမာ - Youtube MTV ကို MP3 ဘဲလိုချင်ရင် MP3 ကိုနှိပ်ပါ။) Default ကိုဒေါင်းမယ်ဆိုရင်တော့ ဘာမှ နှိပ်စရာမလိုပါဘူး။
 
ဒေါင်းတော့မယ်ဆိုရင်တော့ Continue ကိုနှိပ်လိုက်ပါ။အောက်က Box ပေါ်လာရင် ကြိုက်တဲ့ Resolution ရွေးပါ။ကျွန်တော်က MP4 ကိုရွေးထားပါတယ်။စိတ်ကြိုက် Resolution ကိုရွေးပြီးရင် Start ကိုနှိပ်ပါ။

ပြီးရင် ခဏစောင့်ပါ။
အောက်က Box ပေါ်လာရင် Download ကိုနှိပ်။ 

Box ပေါ်လာရင် Save File ကိုရွေးပြီး Ok နှိပ်ပါ။
 
ဒါဆိုရင် ဒေါင်းနေတာတွေ့ရပါမယ်။


အဆင်မပြေရင် Comment ပေးခဲ့ပါ။ကျွန်တော့်ရဲ့ Facebook Page ကိုလည်းလာလည်နိုင်ပါတယ်။

Sunday 25 August 2013

RGC(Ranked Gaming Client) မှာ ၀င်ကြမ်းကြမယ်

Standard


ဒီတစ်ခါတော့ Dota ဘော်ဒါတွေအတွက် RGC(Ranked Gaming Client) မှာ တစ်ကမ္ဘာလုံးကကောင်တွေနဲ့ ၀င်ကြမ်းကြမယ်ဗျာ။RGC ဆိုတာကတော့ တစ်ကမ္ဘာလုံးကလူတွေနဲ့ Dota ချိတ်ဆက်ဆော့ကစားနိုင်တဲ့ Client တစ်ခုပါဘဲ။သိပြီးတဲ့လူတွေလဲ တော်တော်များများ သိပြီးကြမှာပါ။မသိသေးတဲ့သူတွေအတွက် ပြုလုပ်နည်းကို စလိုက်ကြရအောင်။
အရင်ဆုံး RGC ဆောဖ့်ဝဲလ် လိုပါတယ်။  
RGC ဆော့ဖ်ဝဲလ်ကို ဒီကိုနှိပ် ပြီးဒေါင်းပါ။

ပြီးရင် ရလာတဲ့ Zip File ကို Winrar နဲ့ဖြည်လိုက်ပါ။ပြီးရင် RGC ကိုရှာပြီး ဖွင့်လိုက်ပါ။
အရင်ဆုံး ဒါမျိုးတွေ့ရပါမယ်။ RGC မှာဆော့ဖို့အတွက် Accout တစ်ခုလိုပါမယ်။ဒီတော့ Register ကိုနှိပ်ပါ။


ကွက်လပ်တွေ အကုန်ဖြည့်ပါ။ဒီမှာ Display Name နဲ့ Account ကယူပြီးသားလူရှိရင် မရပါဘူး။ဒီတော့ Valid ဖြစ်အောင်ဖြည့်ပါ။



ဖြည့်တာ အဆင်ပြေရင် Successfully Registered ဆိုပြီး ပေါ်လာပါမယ်။


ပြီးရင်တော့ ဆော့တော့မယ်ဆိုရင် Acoount နဲ့ Password ဖြည့်ပြီး Login ကိုနှိပ်ပါ။

Login ၀င်သွားရင်တော့ အောက်ပုံမျိုးတွေ့ရပါမယ်။အဲ့မှာ ညာဘက်ထောင့်ဆုံးမှာ CM(Captain Mode)ကိုတွေ့ပါမယ်။အဲ့ဒါကို AP(All Pick) ကိုပြောင်းပြီး Sign ကိုနှိပ်လိုက်ပါ။

Sign မှာ Unsign လို့ပေါ်လာရင် ဆော့လို့ရပါပြီ။
Warcraft ထဲကို ၀င်ပြီး ခါတိုင်းလိုဘဲ Local Area Network ထဲဝင်လိုက်ရင် ချိတ်လို့ရတဲ့ ပွဲတွေပေါ်လာပါလိမ့်မယ်။ကြိုက်တဲ့ ပွဲသာဝင်ဆော့ကြတော့ဗျာ…


RGC ဆော့ရင် သတိထားစရာတွေရှိပါတယ်…ဆော့နေတုန်း ပွဲမပြီးဘဲ Quit game ခဏခဏ မလုပ်ပါနဲ့…Leave Game အကြိမ်အရေအတွက် သတ်မှတ်ထားပါတယ်..များလာရင် Ban ခံရမှာပါ..Ban ခံရရင် RGC ကိုဝင်လို့ရတော့မှာ မဟုတ်ပါဘူး။
Bandwidth Speed ၅၀ လောက်ဆိုဘဲ ကောင်းကောင်းဆော့လို့ရပါတယ်။။။

Game ထဲမှာ သုံးတဲ့ Command တွေပါ..။message box မှာ “ - “ Minus ခံပြီးရိုက်ပါ။
-ready   =  Local ထဲက ဆော့မယ့်ဂိမ်းထဲဝင်ပြီးရင် ဂိမ်းစနိုင်ဖို့အတွက် ရိုက်ပေးရတာပါ။၁၀ယောက်လုံး ready ရိုက်ပေးမှဂိမ်းကစမှာပါ။Chat box မှာသူများတွေရိုက်နေတာ တွေ့နိုင်ပါတယ်။

-votekick   = ချိတ်ထားတဲ့ထဲက တစ်ယောက်ယောက်ကို kick out လုပ်ချင်ရင် သုံးတာပါ။vote type ဖြစ်တဲ့အတွက် တစ်ယောက်ထဲရိုက်ယုံနဲ့ မရပါဘူး…

-ping   =  မိမိစက်က server ချိတ်ဆက်ထားတဲ့ speed ကိုပြတာပါ။ဒီမှာ တစ်ခုပြောစရာရှိပါတယ်။Ping ရိုက်လိုက်ရင် Bandwidth က နည်းနေမှ ကောင်းပါတယ်။ ဥပမာ - 50ms,40ms တို့ဖြစ်နေရင် အရမ်းကောင်းပါတယ်။တစ်ကယ်လို့ 300ms တို့ 200ms ကျော်တို့ ဖြစ်နေရင် ဆော့တဲ့အခါမှာ ရက်ရက်စက်စက် Lag ပါလိမ့်မယ်။။ဒါဆိုရင်တော့ ကွန်ပျူတာနဲ့ဆော့တာ အကောင်းဆုံးပါဘဲ။ :D

-votermk   = ဂိမ်းကိုပြန်စဖို့အတွက်ပါ။

-points   = ကိုယ့်ရဲ့ ရမှတ်ကိုကြည့်တာပါ။Default point က ၁၅၀၀ ပါ။ရှုံးရင် လျှော့မယ်။နိုင်ရင် တိုးမယ်။

-ff   =  ဆော့နေတုန်း အရှုံးပေးပြီဆို ရိုက်ပါ….။အစတည်းက ရိုက်မနေနဲ့အုံး….. :D
အဆင်မပြေရင် Comment ပေးခဲ့ပါ။Comment က member ၀င်စရာမလိုပါဘူး။ဒီဘလောဂ့်မှာ တင်သမျှသိချင်ရင်တော့ ဘေးနားက Facebook Box မှာ Like သာနှိပ်သွားလိုက်ပါ။

Friday 23 August 2013

Paper Toss ဗားရှင်းအသစ်

Standard
ကျွန်တော်တို့ ခြင်းတောင်းထဲကို စက္ကူတွေ ဖုန်းတွေလှမ်းပစ်ထည့်ပြီးဆော့နေကြ  paper toss အတွက် Version အသစ်လာပါပြီ...စက္ကူအစား ခရမ်းချဉ်သီးတို့ Stapler တို့ ပြောင်းပြီးပစ်လို့ရပါပြီ..အလုပ်လုပ်နေတဲ့ ကောင်ကိုလည်း နှောင့်ယှက်လို့ရပါပြီ...ဂွတ်...
ဂိမ်းကို ဒီကိုနှိပ် ပြီးဒေါင်းပါ....





Android ဖုန်း ၊ Tablet တွေမှာ စာအုပ်ဖတ်တတ်သူတွေအတွက် Adobe Reader 10.6.1

Standard
Android ဖုန်း ၊ Tablet တွေမှာ စာအုပ်ဖတ်တတ်သူတွေအတွက် Adobe Reader 10.6.1...
adobe reader က ကွန်ပျူတာမှာလည်းတော်တော်ကောင်းတဲ့ Reader Application ပါ။ခု android မှာတော့ Book Loading တော်တော်မြန်လာပါတယ်။တစ်ခြား reader apk တွေက loading ကြာတတ်ပါတယ်။
apk ကို ဒီကိုနှိပ် ပြီးဒေါင်းပါ...



ဖုန်းထဲမှာ BaseBall ရိုက်မယ်...

Standard
Baseball ကို ကွင်းအပြင်ရောက်အောင် ရိုက်ချင်တဲ့ ဘော်ဒါတွေအတွက်....
ဂိမ်းကို ဒီကိုနှိပ် ပြီးဒေါင်းလိုက်ပါ...



အူလည်လည် သိုးတွေနဲ့ဆော့မယ်..လှော်မယ်..

Standard
ကဲ...ဒီနေ့တော့ ပျော်ဖို့ကောင်းတဲ့ ဂိမ်းပေးပ့ါမယ်။သူက တစ်ကယ့်ကို အူလည်လည် သိုးတွေနဲ့ ဆော့ရတာပါ။ဒီကောင်တွေကို ကြိုက်တဲ့နေရာ တောက်ထုတ်လို့ရတယ်။သိပ်ကြည့်မရတဲ့ကောင်ကို မိုးကြိုးနဲ့လည်း လှော်လို့ရသေးတယ်။အမြှီးကို ဆွဲပြီးလွှင့်ပစ်လို့ရတယ်။အစုံပါဘဲဗျာ။ဒီကောင်တွေက ရုပ်တွေကလည်းပြောင်မှပြောင်။ပေါ့ပေါ့ပါးပါးနဲ့ တော်တော်အပျင်းပြေတဲ့ ဂိမ်းပါဗျာ။ဒီငတိတွေကို အအေးလဲတိုက်လို့ ရတယ်ဗျာ.ဘောလုံးတောင်ကန်ခိုင်းလို့ရသေး..။ကျွန်တော်ကတော့ ဒီကောင်တွေကို ညှင်းဆဲရင်း ပျော်နေတယ်ဗျ...ငိငိ...။

ဂိမ်းကို ဒီကိုနှိပ် ပြီးဒေါင်းလိုက်ပါဗျာ။နောက်ဆုံး version ကိုတင်ပေးထားပါတယ်...အဆင်ပြေရင် Comment လေးတွေပေးခဲ့ကြပါအုံး....




Thursday 22 August 2013

Android အတွက် အကောင်းဆုံး Movie Player (MX Player)

Standard
Android ဖုန်း ဒါမှမဟုတ် Tablet တွေမှာ ရုပ်ရှင်၊MP4 ကြည့်တတ်သူတွေအတွက် MX Player ပါ။သူ့ရဲ့ အားသာချက်တွေကတော့ Format အကုန်နီးပါးဖတ်နိုင်ခြင်းနဲ့ Resolution Ratio ကိုကြိုက်သလိုပြောင်းနိုင်ခြင်းပါ။ထိပ်ဆုံးအဆင့်ရှိတဲ့ APK ပါ။Android တိုင်းမှာ ရှိသင့်တဲ့ APK ပါ။

APK ကိုနှစ်ခုဒေါင်းရမှာပါ။အပေါ်ဆုံးလင့်က ဒေါင်းလို့ရတဲ့ APK ကို Install အရင်လုပ်ပါ။ဒုတိယ APK က Format တော်တော်များများ ဖတ်နိုင်အောင်လုပ်ပေးတဲ့ codec ပါ။နှစ်ခုလုံး Install လုပ်ရမှာပါ။
MX Player - ဒီကိုနှိပ် ပြီးဒေါင်းပါ။
MX Player Codec - ဒီကိုနှိပ် ပြီးဒေါင်းပါ။





Wednesday 21 August 2013

Window တက်တာနှေးနေသူတွေအတွက် မြန်အောင်ပြုလုပ်နည်း

Standard

ကွန်ပျူတာဖွင့်ပြီး Window တက်တာကို အကြာကြီးထိုင်စောင့်နေရတာ တော်တော်စိတ်မရှည်ချင်စရာ ကောင်းပါတယ်။ဒါက ဘာကြောင့်ဖြစ်တာလဲဆိုတော့ Window တက်တာနဲ့ အတူလိုက် Run တဲ့ Program တွေကြောင့် ကြာနေတာပါ။တစ်ချို့ Program တွေက လိုအပ်ပါတယ်။တစ်ချို့က မလိုအပ်ဘဲ  Run တာပါ။ဒီတော့ ဒီလိုက် Run နေတဲ့ Program တွေကို မ Run အောင်လုပ်နည်းကို ပြောချင်ပါတယ်။
ဒီ Program တွေကို ပိတ်ဖို့အတွက် CCleaner  ဆော့ဖ်ဝဲလ်ကိုသုံးပါမယ်။ဒီဆော့ဖ်ဝဲလ်က ကျွန်တော်တင်ပေးပြီးသားပါ။မရှိသေးရင်တော့ ဒီကိုနှိပ် ပြီးသွားဒေါင်းလိုက်ပါ။
ပြီးရင် CCleaner ကိုဖွင့်လိုက်ပါ။ပြီးရင် အောက်ကပုံက အတိုင်း Tools Tab ကိုနှိပ်ပြီး Startup ကိုနှိပ်ပါ။

ပြီးရင် အသုံးမလိုလောက်ဘူးထင်တဲ့ Program ပေါ်မှာ Select ပေးပြီး ညာဘက်က Disable ကိုနှိပ်လိုက်ပါ။ပြီးရင် CCleaner ကိုပိတ်လိုက်ပါ။

နောက်တစ်ခါ Window ပြန်တက်လာရင် Disable လုပ်ထားတဲ့ Program တွေတက်လာတော့မှာ မဟုတ်ပါဘူး။
ကျွန်တော်တင်တဲ့ ပိုစ့်တွေက အကျိုးပြုတယ်ဆို ကျွန်တော်တို့ရဲ့ Facebook Page ကိုလည်း Share ပေးကြပါအုံးလို့……

Tuesday 20 August 2013

အလကားရသမျှ APK တွေထဲမှာအကြိုက်ဆုံး Mobile Care APK

Standard
အလကားရသမျှ APK တွေထဲမှာ ဒီကောင့်ကိုအကြိုက်ဆုံးပါဘဲ..ဖုန်းကြီး တော်တော်လေးနေတာ ဒီကောင်လည်းထည့်ပြီး Run လိုက်ရော ပေါ့ရွှတ်သွားတာဘဲ။Mobile Care APK ပါ။ဒီကောင်က ဖုန်းကိုပေါ့ပါးအောင် ရှင်းလင်းပေးတယ်။ဓာတ်ပုံတွေ ဗီဒီယိုတွေလည်း လော့ချလို့ရတယ်။ဖုန်းပျောက်ရင်လဲ လှမ်း Control လုပ်လို့ရတယ်။Game ဆော့ရတာလေးနေရင် Speed မြှင့်ပေးနိုင်တယ်။နောက်ထပ်...ဘယ်လောက်အသုံးဝင်လဲဆိုတာတော့ ဒေါင်းပြီးဖုန်းထဲသာ ထည့်ကြည့်ကြပေတော့..
APK ကို ဒီကိုနှိပ် ပြီးဒေါင်းလိုက်....