Wednesday 14 August 2013

Window အချိန်ကိုနောက်သို့ပြန်ဆုတ်ခြင်း

Standard

Window System Restore

တစ်ခါတစ်လေမှာ ကျွန်တော်တို့ ကွန်ပျူတာတွေ Error တက်နေတာဘဲဖြစ်ဖြစ် Virus ကိုက်သွားလို့ဘဲ ဖြစ်ဖြစ် ၊ ကိုယ့်ဘာသာကို အမှားလုပ်မိလို့ Window System မတည်ငြိမ်တာတွေ ဖြစ်ခဲ့ရင် တော်တော်များများက Window အသစ်ဘဲတင်လိုက်ကြပါတယ်။Window တင်တာက အချိန်လဲ ပေးရပြီး ဒေတာတွေလဲ ဆုံးရှုံးနိုင်သလို Hard Disk လဲ နာနိုင်ပါတယ်။ဒီတော့ မလိုအပ်ရင် Window မတင်ဘဲ Window ကိုအကောင်းတိုင်းပြန်လုပ်နိုင်တဲ့ နည်းလေးကို ပေးချင်ပါတယ်။
ပထမဦးဆုံး Start Menu ကနေ System Restore လို့ရိုက်ပါ။ပေါ်လာတဲ့ System Restore ကို နှိပ်လိုက်ပါ။


ပြီးရင် ဒီလို Window ပေါ်လာပါမယ်။

 အဲ့ဒီမှာ Choose a different restore point ကိုရွေးပါ။

ပြီးရင် အောက်က Box ပေါ်လာပါပြီ။အဲ့ဒီမှာ နောက်ထပ် Restore Point ထပ်ပေါ်စေချင်လျှင် Show more restore points ကို အမှန်ခြစ်လိုက်ပါ။

ပြီးရင် ကိုယ်ပြန်သွားချင်တဲ့ Date ကို ရွေးချယ်ပြီး Next ကိုနှိပ်ပါ။

ပြီးရင် အောက်က Box ပေါ်လာပါမယ်။အဲ့မှာ Finish ကို နှိပ်ပြီး စောင့်နေလိုက်ပါ။

Window restart ကျပြီး ပြန်တက်လာလျှင် မိမိရွေးချယ်ထားတဲ့ နေ့ကိုပြန်ရောက်သွားမှာပါ။ဒါဆိုရင် ယခုရွေးချယ်ထားတဲ့ နေ့နောက်ပိုင်းပြုလုပ်ထားသမျှ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။Partition ပိုင်းထားရင်တော့ Window မရှိတဲ့ Drive ကဒေတာတွေ မပျောက်ပါဘူး။ဥပမာ - Drive C မှာ window တင်ထားရင် C မှာ Install လုပ်ခဲ့တာတွေ Data တွေပျောက်သွားမှာ ဖြစ်ပါတယ်။ D ကတော့ ဒီတိုင်းကျန်မှာပါ။ ဒီလို Restore လုပ်လို့ Window မပျက်ပါဘူး။

Pdf File ဒေါင်းချင်သူတွေအတွက်ကတော့ အောက်မှာလင့်ပါ။ 385 kb ပဲရှိပါတယ်။ကျေးဇူးတင်ပါတယ်။

http://bit.ly/160y7gu

0 comments:

Post a Comment