တစ်ပြိုင်နက်ထဲ GTalk အကောင့်တစ်ခုထက်ပိုသုံးချင်သူတွေအတွက်
Author
- ရန်နိုင်ဦး
ကျွန်တော်တို့
အင်တာနက်ဆိုင်တွေမှာ သွားသုံးရင် GTalk ကို အကောင့်တွေခွဲသုံးလို့ရတာတွေ့ဘူးပါလိမ့်မယ်။အဲဒါမျိုး
အိမ်မှာပြန်သုံးရင် မရတတ်ကြပါဘူး။Gtalk ကတစ်ခါဖွင့်ရင် တစ်ခုဘဲပေါ်တတ်ပါတယ်။ဒီတော့
Multiple Gtalk window တွေရအောင်လုပ်ကြည့်ပါမယ်။အောက်မှာလေ့လာကြည့်ပါ။
ပထမဆုံး
Destop ပေါ်မှာ Right Click နှိပ်ပြီး New Tab ထဲက Shortcut ကိုနှိပ်ပါ။
ပြီးရင် ပေါ်လာတဲ့
Box မှာအောက်က စာသားကိုရိုက်ပါ။
"C:\Program
Files\Google\Google Talk\googletalk.exe" /startmenu /nomutex
ရိုက်ပြီးရင်
Next ကိုနှိပ်ပါ။(အပေါ်ကစာသားကို Box မှာတစ်ပုံစံတည်းတူအောင်ရိုက်ပါ။Double Quote ( " ) ပါအောင်ရိုက်ပါ။မှားရင်
အလုပ်လုပ်မှာ မဟုတ်ပါဘူး။)
ပြီးရင် အောက်ကပေါ်လာတဲ့
Box မှာ ကိုယ်ကြိုက်တဲ့နာမည်ပေးပါ။ကျွန်တော်က My Talk လို့ပေးလိုက်ပါတယ်။ပြီးရင်
Finish ကိုနှိပ်ပါ။
ပြီးရင်
My Talk ကိုနှိပ်ပြီး ဖွင့်ကြည့်ပါ။အောက်ကလို Gtalk Window ခွဲတွေဖွင့်လို့ရပါလိမ့်မယ်။တစ်ခါတစ်လေ
Gtalk Box တွေကထပ်နေတတ်ပါတယ်။ဒီတော့နှစ်ခုလောက်ဖွင့်ပြီး Gtalk ကိုနှိပ်ပြီး ဘေးကိုဆွဲကြည့်ပါ။အဆင်ပြေပါလိမ့်မယ်။
ဒီဟာကိုစာအုပ်အဖြစ်ဒေါင်းထားချင်သူတွေအတွက်လင့်ပါ။အောက်မှာဒေါင်းပါ။
0 comments:
Post a Comment