Dota
Patch Error ကို ပြင်ဆင်ခြင်း
Author -
ရန်နိုင်ဦး
Dota
Patch Upgrade လုပ်တဲ့အကြောင်းပြောပြချင်ပါတယ်။တစ်ချို့တွေ Patch 1.26e တို့ 1.26a
တို့ကိုမြှင့်တဲ့အခါ လွယ်လွယ်နဲ့ရပါတယ်။တစ်ချို့က Error တတ်ပါတယ်။ဒီတော့ Error ပြင်နည်းကိုပြောပြချင်ပါတယ်။ဒီ
Error ကဘာကြောင့်ဖြစ်တာလဲဆိုတော့ Warcraft III က သူ့ရဲ့ Default Path မှာမရှိလို့ပါ။ဒီတော့
Path ကိုပြန်ပြောင်းပေးရပါတယ်။ဘယ်လိုပြန်ပြောင်းပေးရလဲဆိုတာ အောက်မှာလေ့လာကြည့်ပါ။
ပထမဦးဆုံး
Start Menu ကို နှိပ် Run Box မှာ Regedit
လို့ရိုက်ပြီး Registry Editor ထဲဝင်ပါ။
အဲ့ဒီမှာ
HKEY_CURRENT_USER က Software ကိုသွားပါ။
Software
ကိုထပ်နှိပ်ပြီး Blizzard Entertainment ကိုနှိပ်ပါ။
အဲ့ဒီမှာ
ပေါ်လာတဲ့ Warcraft III Folder ပေါ်မှာ Right Click နှိပ် New ထဲက String Value ကိုနှိပ်ပါ။
ညာဘက်မှာ အပြာရောင်စာတမ်းပေါ်လာပါမယ်။အဲ့ဒါကို Installpath လို့နာမည်ပေးလိုက်ပါ။
InstallPath
ပေါ်မှာ Right Click နှိပ်ပြီး Modify ကိုနှိပ်ပါ။
Box ပေါ်လာရင်
ကိုယ့်စက်မှာ ခု Warcraft III ထည့်ထားတဲ့ လမ်းကြောင်းကိုရွေးပေးလိုက်ပါ။ကျွန်တော့်စက်မှာ
Warcraft III ကို Drive D ထဲထည့်ထားတဲ့အတွက် D:\WarcraftIII\ လို့ပေးလိုက်ပါတယ်။
ပြီးရင်
Patch ကို Install ပြန်လုပ်ကြည့်ပါ။အဆင်ပြေပါလိမ့်မယ်။ပြုလုပ်ပုံအဆင့်ဆင့်ကို စာအုပ်အဖြစ်သိမ်းထားချင်ရင် အောက်မှာ ဒေါင်းလိုက်ပါ။207kb ပဲရှိပါတယ်။
0 comments:
Post a Comment