Facebook အကောင့် ၂ခု ၃ခု
တစ်ပြိုင်နက်တည်းသုံးနည်း Author - ရန်နိုင်ဦး
ကျွန်တော်တို့
အင်တာနက်သုံးတဲ့သူတွေမှာ Facebook ကိုအသုံးအများဆုံးပါ။တစ်ချို့က အကောင့်တစ်ခုဘဲရှိသလို
တစ်ချို့က အကောင့် ၂ ခု ၃ခုရှိတတ်ပါတယ်။Facebook အကောင့်က တစ်ချိန်မှာ အကောင့်တစ်ခုဘဲသုံးလို့ရပါတယ်။ဒီတော့
Facebook အကောင့် ၂ခု ၃ခု တစ်ပြိုင်နက်တည်းသုံးလို့ရတဲ့နည်းကိုပေးချင်ပါတယ်။ဒါက အလွယ်နည်းပါ တစ်ခြားနည်းတွေလည်းရှိပါတယ်။ဒီနည်းက ဘာမှ Install လုပ်စရာမလိုတဲ့နည်းပါ။
Mozilla
Firefox Browser နဲ့သုံးနေရင်
Mozilla
Firefox ရဲ့ ဘယ်ဘက်ထိပ်ဆုံးမှာ Firefox ဆိုတဲ့ Button ရှိပါတယ်။အဲ့ဒါကိုနှိပ်လိုက်ပါ။
ဒါဆို
Menu ထပ်ပေါ်လာပါမယ်။အဲ့ဒီမှာ New Private Window ဆိုတာ နှိပ်လိုက်ပါ...နောက်ထပ် Mozilla
firefox တစ်ခုထပ်ပေါ်လာပါမယ်။အဲဒီမှာ နောက်ထပ်အကောင့်တစ်ခုနဲ့သုံးလို့ရပါပြီ။(Mozilla
Firefox Version မတူရင် ဒီထဲကဓာတ်ပုံနဲ့ တူမှာ မဟုတ်ပါဘူး ပြုလုပ်နည်းကတော့ တူတူပါဘဲ)
Chrome
Browser နဲ့သုံးရင်
Chrome ရဲ့
ညာဘက်အပေါ်ထောင့်နားမှာ လိုင်းလေး၃ကြောင်းရှိပါတယ်။အဲဒီကို နှိပ်ပါ။
List ကျလာရင်
New Incognito Window ကိုနှိပ်လိုက်ပါ။ဒါဆို နောက် Chrome Window တစ်ခုပေါ်လာပါမယ်။အဲဒီမှာ
Facebook နောက်အကောင့်တစ်ခုနဲ့သုံးနိုင်ပါပြီ။
Maxthon Browser
နဲ့သုံးရင်
ညာဘက်ထောင့်ထိပ်နားမှာ
လိုင်းလေး၃ကြောင်းရှိပါတယ်..အဲဒါကိုနှိပ်လိုက်ပါ။
ဒါဆို List
ကျလာပါမယ်။အဲဒီမှာ Session ဆိုတာကိုနှိပ်ပါ။ဒါဆို Maxthon Window အသစ်ပေါ်လာပါမယ်။ဒါဆို
အဲဒီမှာ နောက်အကောင့်တစ်ခုနဲ့ သုံးနိုင်ပါပြီ။
အခုလိုပညာတွေကို မျှဝေပေးတဲ့အတွက် အကို့ကို ကျေးဇူးအများကြီးတင်ပါတယ်။
ReplyDeleteနောင်လည်း ဒီထက်မက တိုးတက်အောင်မြင်ပါစေ။
Photoshop နှင့် ဓာတ်ပုံပြင်တဲ့န့ည်းတွေကိုလည်း တင်ပေးပါဦးလို့။