ကွန်ပျူတာမှာ တစ်ခြားသူမမြင်စေချင် မသုံးစေချင်တဲ့ Folder တွေ File တွေကို လွယ်ကူတဲ့ဆော့ဖ်ဝဲလ်နဲ့ သော့ခတ်မယ်
Author - ရန်နိုင်ဦး
ကျွန်တော်တို့ ကွန်ပျူတာတွေမှာ အရေးကြီးတဲ့ File တွေ Folder တွေကို တစ်ခြားသူဖျက်လို့မရအောင် ၀င်လို့မရအောင် သုံးလို့မရအောင် ပြုလုပ်နည်းကို ပြောပြချင်ပါတယ်။အသုံးပြုမယ့် ဆောဖ့်ဝဲလ်ကတော့ Easy File Locker လို့ခေါ်ပါတယ်။ဆိုဒ်အရွယ်အစားသေးငယ်ပြီး တော်တော်ကို အစွမ်းထက်ပါတယ်။ဆိုဒ်က 286 kb ပဲရှိပါတယ်။သီချင်းတစ်ပုဒ်စာတောင် မရှိပါဘူး။
ဆော့ဖ်ဝဲလ်ကို ဒီကိုနှိပ် ပြီး ဒေါင်းလုပ်ဆွဲလိုက်ပါ။Install လုပ်ပြီးရင် ဖွင့်လိုက်ပါ။ဖွင့်ပြီးရင် Password ပေးဖို့အတွက် အပေါ်ထောင့်နားက System Tab ကိုနှိပ်ပြီး Set Password ကိုနှိပ်ပါ။
ကိုယ်ကြိုက်တဲ့ Password ပေးပြီး Ok နှိပ်လိုက်ပါ။ Password က စာလုံးအကြီးအသေး အကုန်ရပါတယ်။
ဒါဆိုရင် Password ရပါပြီ။Folder လော့ချနည်းကိုပြောပါမယ်။Folder ကိုလော့ချဖို့အတွက် အောက်ကပုံက အနီဝိုင်းထားတဲ့ နေရာကိုနှိပ်ပါ။ (File တစ်ခုတည်းကို လော့ချချင်ရင် ဘေးနားက အပေါင်းလက္ခဏာကိုနှိပ်ပါ။ပြုလုပ်နည်းတူတူပါဘဲ)
ပြီးရင် လော့ချချင်တဲ့ Folder ကိုရွေးပြီး Ok နှိပ်လိုက်ပါ။
အောက်က Box ပေါ်လာရင် လော့ချမယ့် Folder ရဲ့ Lock Method တွေကိုပေးရမှာပါ။Accessable ကို အမှန်ခြစ်ထားရင် Folder ကိုခါတိုင်းလိုဘဲ ၀င်ထွက်လို့ရနေမှာ ဖြစ်ပါတယ်။Writable ကို အမှန်ခြစ်ထားရင် folder ထဲမှာ file တွေကို edit လုပ်လို့ရနေမှာပါ။အမှန်မခြစ်ထားရင်တော့ file အသစ်ထပ်ထည့်လို့မရပါဘူး။Deletable ကိုအမှန်ခြစ်ဖြုတ်ထားရင် Folder ကိုဖျက်လို့ရမှာ မဟုတ်ပါဘူး။
ခု ကျွန်တော်တို့က လော့ချမှာ ဖြစ်တဲ့အတွက် Accessable ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ။ကျန်တဲ့ Writable နဲ့ Deletable က အလိုလိုမှိန်သွားမှာပါ။
Visible ကတော့ အမှန်ခြစ်ထားရင် လော့ချလိုက်တဲ့ Folder ကိုမြင်နေရမှာ ဖြစ်ပြီး အမှန်ခြစ်ဖြုတ်လိုက်ရင် Folder ကပျောက်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ Folder ကိုမြင်နေရပြီး ၀င်လို့မရအောင်ပြုလုပ်ချင်တဲ့အတွက် Visible ကိုအမှန်ခြစ်ထားလိုက်ပါတယ်။အောက်ကပုံအတိုင်းပါ။
ပြီးရင် Ok နှိပ်လိုက်ပါ။အောက်ကပုံအတိုင်းမြင်ရပါမယ်။
ပြီးရင် Easy File Locker ကိုပိတ်လိုက်ပါ။
နောက်ဆုံး စောစောက လော့ချလိုက်တဲ့ Folder ကို ပြန်ဖွင့်ကြည့်ပါ။ဖွင့်လို့ မရဘဲ အောက်ကပုံ အတိုင်းပေါ်လာမှာပါ။ဒါဆို လော့ချတာအောင်မြင်ပါပြီ။
ကိုယ်လော့ချထားတဲ့ Folder ကိုယ်ပြန်သုံးချင်ရင် Easy File Locker ထဲပြန်ဝင်ပါ။
အောက်ကပုံမှာ အနီဝိုင်းထားတဲ့ “ ။ “ ကိုနှိပ်လိုက်ပါ။လော့ချထားတာကို ခဏ Pause လုပ်လိုက်တဲ့ သဘောပါဘဲ။
အသုံးပြုပြီး လော့ပြန်ချချင်ရင် Play ခလုတ်ကိုနှိပ်ပေးပါ။ဒါကိုမနှိပ်ဘဲတမ်းပိတ်လည်းရပါတယ်။ သူကအော်တိုလော့ချပေးပါတယ်။
Folder ကိုဆက်ပြီး လော့မချချင်တော့ဘူးဆိုရင်တော့ အောက်ကပုံအတိုင်း ပြုလုပ်လိုက်ပါ။ဒီ Easy File Locker အသုံးပြုနည်းကို စာအုပ်အဖြစ်သိမ်းထားချင်ရင် ဒီကိုနှိပ် ပြီးဒေါင်းလိုက်ပါ။266kb ဘဲရှိပါတယ်။အားလုံးအဆင်ပြေကြပါစေ။
0 comments:
Post a Comment