Youtube ကနေ
သီချင်းတွေ ရုပ်ရှင်တွေ ဒေါင်းလုပ်ဆွဲရင် အဆင်မပြေတတ်တာများပါတယ်။ဆော့ဖ်ဝဲလ်တစ်ခုခု
သုံးပြီးမှကို ဆွဲဖို့အဆင်ပြေပါတယ်။ဒီတော့ ဆော့ဖ်ဝဲလ်မလိုဘဲ browser ထဲမှာဘဲ ဒေါင်းနည်းကို ပြောပြချင်ပါတယ်။ဆော့ဖ်ဝဲလ်
မလိုတဲ့ အပြင် Browser ထဲမှာတင်တစ်ခါတည်းကြိုက်တဲ့ Format ကိုပါပြောင်းနိုင်ပါသေးတယ်။Resoulution ကြိုက်တာကိုလည်းဒေါင်းနိုင်ပါသေးတယ်။(Author - ရန်နိုင်ဦး)
အရင်ဆုံး
Youtube ကဒေါင်းချင်တဲ့ သီချင်းကို သွားပါ။Address bar ကို Copy လုပ်ပါ။
ပြီးရင် http://www.clipconverter.cc/ ကိုသွားပါ။။အဲ့ဒီမှာ
Media URL to download မှာ youtube က Copy ကူးထားတဲ့ address ကိုထည့်ပါ။အောက်က
Conversion Format မှာ ကိုယ်လိုချင်တဲ့ Format ကိုပြောင်းလိုက်ပါ။(ဥပမာ - Youtube
MTV ကို MP3 ဘဲလိုချင်ရင် MP3 ကိုနှိပ်ပါ။) Default ကိုဒေါင်းမယ်ဆိုရင်တော့ ဘာမှ နှိပ်စရာမလိုပါဘူး။
ဒေါင်းတော့မယ်ဆိုရင်တော့
Continue ကိုနှိပ်လိုက်ပါ။အောက်က Box ပေါ်လာရင် ကြိုက်တဲ့ Resolution ရွေးပါ။ကျွန်တော်က
MP4 ကိုရွေးထားပါတယ်။စိတ်ကြိုက် Resolution ကိုရွေးပြီးရင် Start ကိုနှိပ်ပါ။
ပြီးရင် ခဏစောင့်ပါ။
အောက်က
Box ပေါ်လာရင် Download ကိုနှိပ်။
Box ပေါ်လာရင်
Save File ကိုရွေးပြီး Ok နှိပ်ပါ။
ဒါဆိုရင်
ဒေါင်းနေတာတွေ့ရပါမယ်။
အဆင်မပြေရင်
Comment ပေးခဲ့ပါ။ကျွန်တော့်ရဲ့ Facebook Page ကိုလည်းလာလည်နိုင်ပါတယ်။
0 comments:
Post a Comment