သီချင်း ၊ ဗီဒီယို ၊ ဓာတ်ပုံ တွေကို
တစ်ခြား Format အမျိုးမျိုးသို့ပြောင်းနည်းနှင့် ဆောဖ့်ဝဲလ်
Author -
ရန်နိုင်ဦး
ကျွန်တော်တို့နေ့စဉ်ကြည့်ရှုနေကြတဲ့
MTV သီချင်းတွေကို MP3 သို့ပြောင်းချင်သူများ ၊ ဖုန်းထဲသို့MP4 ၊ 3GP အဖြစ်ပြောင်းထည့်ချင်သူများ ၊ MP3 ဖိုင်တွေကို
တစ်ခြား WMA တို့ AAC တို့နဲ့ အခြားအမျိုးမျိုးသောFormat တွေကိုပြောင်းချင်သူများအတွက်
အကောင်းဆုံး ဆောဖ့်ဝဲလ်ကို မိတ်ဆက်ပေးချင်ပါတယ်။Format Factory လို့ခေါ်ပါတယ်။Format
ပြောင်းတဲ့ဆောဖ့်ဝဲလ်တွေထဲမှာ အကောင်းဆုံးပါ။ဆောဖ့်ဝဲလ်ကို အောက်မှာဒေါင်းပြီး အသုံးပြုနည်းကိုအောက်မှာလေ့လာကြည့်ပါ။
Format
Factory ဆော့ဖ်ဝဲလ်ဒေါင်းရန် - http://db.tt/dsgcQmzH
Quick
Time ဆောဖ့်ဝဲလ်ဒေါင်းရန် - http://db.tt/sLPzoXCb
နှစ်ခုလုံးကိုဒေါင်းလုပ်ဆွဲပြီး
အရင် Install လုပ်လိုက်ပါ။Quick Time
player ကဗီဒီယို Editing လုပ်ဖို့ပါ။
ကျွန်တော် ဗီဒီယိုဖိုင်တစ်ခုကနေ
MP3 ဖိုင်တစ်ခုသို့ပြောင်းပုံကို ပြသသွားပါမယ်။တစ်ခုလုပ်တတ်ရင် ကျန်တဲ့Format တွေအကုန်ပြောင်းတတ်သွားမှာပါ။
ဆောဖ့်ဝဲလ်နှစ်ခုလုံး
Install လုပ်ပြီးရင် Format Factory ကို ဖွင့်လိုက်ပါ။ပြီးရင် MP3 ပြောင်းမှာဖြစ်တဲ့အတွက်
MP3 Tab ကိုသွားလိုက်ပါ။(ဗီဒီယိုသို့ပြောင်းချင်ရင် Video Tab ကိုပြောင်းပါ။)
Box တစ်ခုပေါ်လာပါမယ်။ဒီမှာ
ပြောင်းချင်တဲ့ ဗီဒီယိုဖိုင်ကိုထည့်ပေးရမှာ ဖြစ်တဲ့အတွက် Add File ကိုနှိပ်ပါ။
ပြီးတော့
ပြောင်းချင်တဲ့ ဗီဒီယိုကိုရှာပြီး နှိပ်ပြီးထည့်ပေးလိုက်ပါ။
ပြီးတော့
Box ထဲမှာ ကိုယ်ရွေးလိုက်တဲ့ဖိုင်ရောက်သွားပါပြီ။အဲဒီမှာ ဗီဒီယိုဖိုင်ကို စမှတ်တွေ
ဆုံးမှတ်တွေ သတ်မှတ်ချင်ရင် ဖိုင်ပေါ်မှာ အပြာရောင်ပေါ်အောင်မှတ်ပြီး Set Range ကိုနှိပ်ပါ။(Output File ရဲ့ Resolution ကိုသတ်မှတ်ပေးချင်ရင် Output
Setting မှာဝင်ကြည့်ပြီး ပြောင်းနိုင်ပါတယ်)
အောက်က
Box ပေါ်လာရင် ကိုယ်လိုချင်တဲ့ စမှတ် ဆုံးမှတ်တွေပေးပြီး Ok ကိုနှိပ်ပါ။ကျွန်တော်က စမှတ်ကို
၅စက္ကန့်နဲ့ ဆုံးမှတ်ကို ၂၀စက္ကန့်ပေးထားပါတယ်။
အောက်ကပုံက
Box ပေါ်လာရင် Format ပြောင်းပြီးရင်ထွက်လာမယ့် MP3 ဖိုင်ကို သိမ်းမယ့်လမ်းကြောင်းကို
သတ်မှတ်ပေးရပါမယ်။အောက်ဆုံးထောင့်နားက Browse ကိုနှိပ်ပါ။
Box ပေါ်လာရင်
Mp3 ဖိုင်သိမ်းထားမယ့် လမ်းကြောင်းကို ပေးပြီး Ok နှိပ်လိုက်ပါ။
ပြီးရင်
Main Window ကိုပြန်ရောက်သွားပါပြီ။အဲ့ဒီမှာ Format စပြောင်းဖို့အဆင်သင့်ဖြစ်နေပါပြီ။Format
ပြောင်းမယ်ဆို အပေါ်ဆုံးက Start ကိုနှိပ်ပါ။
ပြီးရင်
Format Changing Processing လုပ်နေတာကိုတွေ့ရမှာပါ။
နောက်ဆုံး
Convert State မှာ Completed လို့ပေါ်လာရင် အပေါ်ဆုံးက Output Folder မှာ နှိပ်ပြီး ပြောင်းထားတဲ့
Mp3 ဖိုင်ကိုကြည့်နိုင်ပါတယ်။
ဒါဆို စောစောက
ဗီဒီယိုကနေပြောင်းလိုက်တဲ့ MP3 ဖိုင်ကကျွန်တော်တို့ သတ်မှတ်ပေးထားတဲ့ output ထုတ်မယ့်လမ်းကြောင်းထဲ
ရောက်နေပါပြီ။
ပြုလုပ်နည်းအဆင့်ဆင့်ကို
စာအုပ်အဖြစ်သိမ်းထားချင်သူတွေအတွက် အောက်မှာ Pdf ဖိုင်လင့်ပါ။671kb ပဲရှိပါတယ်။
ဒီမှာဒေါင်းပါ
- http://db.tt/lNSbxJyp
0 comments:
Post a Comment