Sunday, 18 August 2013

လှည်းကျိုး

Standard

အမေက သားဖြစ်သူကို ဆုံးမနေသည်။

အမေ - "သား...သားလည်းနားလည်နိုင်တဲ့ အရွယ်ရောက်နေပြီဘဲ...ကိုယ့်ဘာသာကို ဆုံးဖြတ်ပေါ့..ဘာမလုပ်နဲ့ ဘာလုပ်လို့ အမေ မပြောလိုဘူး.."

သား - "ဟုတ်ကဲ့ပါ..အမေ.."

အမေ - "အင်း..ငါ့သားလည်း..မင်းအဖေနဲ့တူတာဘဲ..မင်းအဖေ..မင်းအရွယ်တုန်းက အရက်သိပ်သောက်တာကွဲ့.."

ထိုအခါ တစ်ချိန်လုံး ဘေးက ထိုင်နားထောင်နေသော အဖေက ၀င်ပြောသည်..."ဟေ့..ငါဘယ်တုန်းက..အရက်သောက်ခဲ့လို့လည်းကွ..."

အမေ - "အော်....မဟုတ်ပါဘူး ကိုဘမောင် ကျွန်မတို့ရဲ့သားလေးကို သူ့ရဲ့အဖေအကြောင်းပြောပြနေတာပါ...."

0 comments:

Post a Comment