၅မိနစ်လောက် အချိန်ပေးရုံနဲ့ ကွန်ပျုတာကို အရင်ကထက် ပေါ့ပါးမြန်ဆန်စေမယ့် CCleaner
Author - ရန်နိုင်ဦး
ကွန်ပျူတာတွေဟာ အသုံးပြုတာကြာလာတာနဲ့ အမျှ လေးလာတတ်ပါတယ်။ဒီတော့ CCleaner ဆောဖ့်ဝဲလ်ကို သုံးပြီး ပေါ့ပါးအောင်လုပ်တဲ့နည်းကို ပြောပြချင်ပါတယ်။ကျွန်တော်လည်းဒါဘဲအသုံးပြုတာပါ။ ဆောဖ့်ဝဲလ်ကို ဒီကိုနှိပ် ပြီးဒေါင်းလိုက်ပါ။အသုံးပြုနည်းကို အောက်မှာ လေ့လာကြည့်ပါ။
အရင်ဆုံး ဆော့ဖ်ဝဲလ်ကို ဒေါင်းပြီးရင် Install လုပ်လိုက်ပါ။ပြီးရင် ဖွင့်လိုက်ပါ။
ပြီးရင် Analyze ကိုနှိပ်ပါ။ခဏစောင့်ပါ။
Analysis Complete လို့ပေါ်လာရင် Run Cleaner ကိုနှိပ်ပါ။Box တစ်ခုပေါ်လာရင် ok ကိုနှိပ်ပါ။

ဒါဆို အရင်ကထက်ပိုပြီး မြန်ဆန်လာတာကိုတွေ့ရပါမယ်။ပြီးတော့ ဘေးနားက Registry Tab ကိုလည်းနှိပ်ပြီး Clean လုပ်ပေးပါ။Tools ထဲမှာလည်း Uninstaller ပါဝင်ပါတယ်။ဒီ Uninstaller ကတစ်ခါတစ်လေ Window က unistall မလုပ်နိုင်တဲ့ ဆော့ဖ်ဝဲလ်တွေကို Uninstall ပြုလုပ်ပေးနိုင်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ တော်တော်အသုံးဝင်တဲ့ ဆော့ဖ်ဝဲလ်ပါ။ကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment