Wednesday, 21 August 2013

Window တက်တာနှေးနေသူတွေအတွက် မြန်အောင်ပြုလုပ်နည်း

Standard

ကွန်ပျူတာဖွင့်ပြီး Window တက်တာကို အကြာကြီးထိုင်စောင့်နေရတာ တော်တော်စိတ်မရှည်ချင်စရာ ကောင်းပါတယ်။ဒါက ဘာကြောင့်ဖြစ်တာလဲဆိုတော့ Window တက်တာနဲ့ အတူလိုက် Run တဲ့ Program တွေကြောင့် ကြာနေတာပါ။တစ်ချို့ Program တွေက လိုအပ်ပါတယ်။တစ်ချို့က မလိုအပ်ဘဲ  Run တာပါ။ဒီတော့ ဒီလိုက် Run နေတဲ့ Program တွေကို မ Run အောင်လုပ်နည်းကို ပြောချင်ပါတယ်။
ဒီ Program တွေကို ပိတ်ဖို့အတွက် CCleaner  ဆော့ဖ်ဝဲလ်ကိုသုံးပါမယ်။ဒီဆော့ဖ်ဝဲလ်က ကျွန်တော်တင်ပေးပြီးသားပါ။မရှိသေးရင်တော့ ဒီကိုနှိပ် ပြီးသွားဒေါင်းလိုက်ပါ။
ပြီးရင် CCleaner ကိုဖွင့်လိုက်ပါ။ပြီးရင် အောက်ကပုံက အတိုင်း Tools Tab ကိုနှိပ်ပြီး Startup ကိုနှိပ်ပါ။

ပြီးရင် အသုံးမလိုလောက်ဘူးထင်တဲ့ Program ပေါ်မှာ Select ပေးပြီး ညာဘက်က Disable ကိုနှိပ်လိုက်ပါ။ပြီးရင် CCleaner ကိုပိတ်လိုက်ပါ။

နောက်တစ်ခါ Window ပြန်တက်လာရင် Disable လုပ်ထားတဲ့ Program တွေတက်လာတော့မှာ မဟုတ်ပါဘူး။
ကျွန်တော်တင်တဲ့ ပိုစ့်တွေက အကျိုးပြုတယ်ဆို ကျွန်တော်တို့ရဲ့ Facebook Page ကိုလည်း Share ပေးကြပါအုံးလို့……

0 comments:

Post a Comment