Sunday, 18 August 2013

ပါဝင်ယှဉ်ပြိုင်ခြင်း

Standard
စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင် ဆေးရုံအုပ်ကြီး လှည့်ပတ်ကြည့်ရှုစစ်ဆေးနေသည်။တစ်နေရာ အရောက်တွင် ၀ရံတာမှ လှမ်းကြည့်ရာ ဆေးရုံအတွင်း ပန်းခြံ၌ လူနာများ တွားသွားနေသည်ကို တွေ့ရသည်။ထို့ကြောင့် အနီးရှိ အလုပ်သင် ဆရာဝန်လေးအား " ဟေ့..အောက်မှာ ဘာဖြစ်နေတာလဲ သွားကြည့်စမ်း"
ဆရာဝန်လေးထွက်သွားသည်..နောက် တစ်နာရီလောက်ကြာသောအခါတစ်ကိုယ်လုံးညစ်ပတ်ပေရေပြီး ပြန်ရောက်လာသည်။

ဆရာဝန်ကြီးက "ဟေ့..ဒါလေးသွားကြည့်တာ ဒါလောက်ကြာရလား..ဘာဖြစ်တာနေတာလဲရော သိခဲ့လား.."

ဆရာဝန်လေး - "လူနာတစ်ယောက်က ပန်းခြံဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ထိ အမြန်ဆုံးတွားသွားနိုင်တဲ့လူကို ဒေါ်လာ ၁၀၀ ပေးမယ်ဆိုလို့..."

ှဆရာဝန်ကြီး - "ဟေ..ဟုတ်လား...ဒါနဲ့..မင်းကရော ဘာလို့ တစ်ကိုယ်လုံး ပေရေညစ်ပတ်နေရတာလဲ"

ဆရာဝန်လေး - "ဆေးရုံအုပ်ကြီးကလည်း..ဒေါ်လာ ၁၀၀ ဆိုတဲ့ပိုက်ဆံ နည်းတာမှတ်လို့.."

0 comments:

Post a Comment